Tat Lan

အောက်တွင် ထည့်သွင်းထားသော သင်၏ MPT ဖုန်းနံပါတ်ဖြင့် ဝန်ဆောင်မှုရယူပါလိမ့်မည်။

-

တစ်ရက် - 105 ကျပ်

Terms&Conditions(Subscription)
Terms&Conditions(Subscription-Short)

အဖိုးအခကောက်ခံခြင်းဆိုင်ရာ စည်းကမ်းချက်များ (SDP)


၁။ လူကြီးမင်းသည် MPT အား လူကြီးမင်း အတည်ပြု ရွေးချယ်ထားသည့် စာရင်းပေးသုံးစွဲမှု အမျိုး အစား ဝန်ဆောင်မှု၊ ပက်ကေ့ခ်ျ နှင့် အဖိုးအခကောက်ခံသည့် အကြိမ်ရေအပေါ်မူတည်၍ စာရင်းပေး သုံးစွဲခကို လူကြီးမင်း၏ အကောင့် ထဲမှ အမှန်တကယ် အလိုအလျောက် ဖြတ်တောက် နှုတ်ယူရန် အခွင့်ပေးပါသည်။

၂။ အဖိုးအခ ကောက်ခံသည့် အကြိမ်ရေမှာ တစ်ကြိမ် (ဥပမာ - သက်တမ်းတိုးမှု မပါ သော သို့မဟုတ် နေ့စဉ် ကောက်ခံမှု မရှိသော) သို့မဟုတ် စဉ်ဆက်မပြတ် (ဥပမာ - နေ့စဉ်/ အပတ်စဉ် / လစဉ် ကောက်ခံမှုရှိသည့် ၃၆၅ ရက် ပက်ကေ့ခ်ျ) ဖြစ်နိုင်ပါသည်။

၃။ စာရင်းပေးသုံးစွဲမှုအမျိုးအစား ဝန်ဆောင်မှု၏ တရားဝင်မှု ကာလမှာ ၃၆၅ ရက်ဖြစ်သည်။

၎။ လူကြီးမင်း၏ လက်ကျန်ငွေမလုံလောက်လျှင် ငွေကောက်ခံမှုပြုလုပ်မည်မဟုတ်သည့်အပြင် ထိုနေ့ အတွက် ဝန်ဆောင်မှုလဲရရှိမည်မဟုတ်ပါ။

၅။ လက်ကျန်ငွေလုံလောက်သည့်အချိန်မှသာ အဖိုးအခကောက်ခံခြင်းအား ဆက်လက်လုပ်ဆောင်ပါ မည်။ MPT အနေဖြင့် သင့်အား နောက်ကြောင်းပြန်၍ အဖိုးအခကောက်ခံမည်မဟုတ်ပါ။

၆။ လူကြီးမင်းကို တစ်ဆက်တည်းရက် (၉၀) အတွက် ငွေကောက်ခံထားခြင်းမရှိပါက ဝန်ဆောင်မှု အတွက် လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှု အလိုလျောက်ရပ်စဲမည်ဖြစ်သည်။

၇။ လူကြီးမင်း စာရင်းပေးသုံးစွဲမှု ရပ်စဲလိုက်ပါက MPT အနေဖြင့် ဝန်ဆောင်မှုအတွက် လူကြီးမင်းအကောင့်အား မည်သည့် နောက်ထပ်ဖြတ်တောက်မှုများ ပြုလုပ်တော့မည် မဟုတ်ပါ။

၈။ အကယ်၍ဝန်ဆောင်မှုတွင် အခမဲ့စမ်းသပ်အသုံးပြုကာလ ပါရှိပါက လူကြီးမင်းအနေဖြင့် သတ်မှတ် ထားသည့် အခမဲ့စမ်းသပ်အသုံးပြုကာလအတွက်သာ ဝန်ဆောင်မှုကို အခမဲ့ သုံးစွဲနိုင်မည်ဖြစ်သည်။ အခမဲ့စမ်းသပ်အသုံးပြုကာလ ပြီးဆုံးပြီးနောက် လူကြီးမင်းထံတွင် လက်ကျန်ငွေလုံလောက်ပါက ပေးချေမှုကို ကောက်ခံမည်ဖြစ်သည်။

၉။ လူကြီးမင်းအနေဖြင့် စာရင်းပေးသုံးစွဲမှုကို ရပ်စဲခြင်း သို့မဟုတ် လူကြီးမင်းကို တစ်ဆက်တည်းရက် (၉၀) အတွက်ငွေကောက်ခံထားခြင်း မရှိ၍ စာရင်းပေးသုံးစွဲမှုကိုရပ်စဲခြင်း အချိန်ထိ အဆိုပါ စည်းကမ်းချက်များသည် တရားဝင်မည်ဖြစ်သည်။

MPT အခပေးချေမှုစည်းမျဉ်းစည်းကမ်းများ အပြည့်အစုံကို ဤတွင် တွေ့ရှိနိုင်ပါသည်။